Saturday, January 4, 2014

လွပ်လပ်ရေးနေ့အထိမ်းအမှတ်လားရက်ကွက်ရုံးအထိမ်းအမှတ်လား

ဒီနေ့ က ၁ လပိုင်း ၄ ရက်နေ့။မြန်မာနိုင်ငံလွပ်လပ်ရေးရခဲ့တဲ့နေ့ပါ ဒီနေ့ဖြစ်ပုံကတော့တော်တော်ဒေါသထွက်ဖို့ကောင်းတယ်ဗျာ။ ၃ရက်နေ့ညပိုင်းလောက်ကကျွန်နော်တို့မြို့ထဲမှာ လွပ်လပ်ရေးအခမ်းအနားကိုလာရောက်ကြဖို့လိုက်ကြေငြာတယ်။အဲ့တာမတိုင်ခင်ကျွန်တော်တို့မြို့အကြောင်းပြောပြမယ်ခင်ဗျာ ကျွန်တော်တို့မြို့မှာကလွပ်လပ်ရေးကျောက်တိုင်က ရန်ကုန်မန္တလေးကားလမ်းလေးရဲ့ဘေး (လမ်းဟောင်း) မှာရှိတဲ့မြိုမသာသနာ့ရိပ်သာရဲ့ကျောင်းဝင်းထဲမှာရှိတယ်။ညကကြေငြာတော့ပါတီအဖွဲ့အစည်းများလူမှုရေးအသင်းကလူကြီးများလာရောက်ဖို့အဓိကဖိတ်တယ်။ဒီလိုနဲ့မနက်ရောက်တော့အလံတင်အမ်းအနားကိုလားတော့လူတစ်ယောက်မှမရှိဘူးဒါနဲ့ဘုန်းကြီးကျောင်းထဲဝင်စောင့်တယ်။။မလာမလာမလာကြာတော့ဗိုက်ဆာတာနဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုဝင်ထိုင်ကြတယ်။ ခဏနေတော့ကျောက်ကြီးလမ်းဘေးနားမှာရှိတဲ့ရက်ကွက်ရုံးကမီးရှူးမီးပန်းလွတ်တော့သွားကြည့်လိုက်မိတယ်။ တကယ်ဗျာအလံတင်အခမ်းအနားလုပ်မဲ့နေရာမှာလူမရှိဘဲရက်ကွက်ရုံးမှာလူကြီးတွေရောက်ပြီးသောက်ကြစားကြနဲ့။ကိုယ်နိုင်ငံအလံတင်အခမ်းအနားမှာအဲ့လိုလုပ်တယ်ဆိုတော့ စဉ်းစားကြည့်ကြပါ နိုင်ငံကောင်းစားရေးလားပါတီကောင်းစားရေးလားမိသားစုကောင်းစားရေလားတစ်ယောက်ကောင်းစားရေးလားဆိုတာ။ ဘယ်ပါတီဘယ်အသင်းဆိုတာတော့ထိခိုက်မည်စိုးရ်မပြောလိုပါသိကြမယ်ထင်ပါတယ်။ အဲ့တာနဲ့ကျူရှင်တစ်ခုကလူအင်အားများများနဲ့မိုးစင်စင်လင်းမှအလံတင်အခမ်းအနားကိုလုပ်လိုက်ရတယ်ဘေးကမင်္ဂလာဆောင်ကလည်းနားလည်မှုမရှိဘူး။ ဖြစ်ပုံတွေ ဒီပုံစံနဲ့တော့ခင်ဗျားတို့တွေမျှော်မှန်းေိတဲ့နိုင်ငံတော်ဆိုတာဘယ်တော့မျှမဖြစ်နိုင်ဘူးဆိုတာကိုသိထားပါ

Wednesday, November 6, 2013





ဗုံးကြဲလေယာဉ်
မင်္ဂလာပါခင်ဗျာ ဒီဘလော့ကိုအားပေးတဲ့သူများကိုကျေးဇူးတင်ပါတယ်